Thursday, January 9, 2014

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အီရတ်တပ်ဖွဲ့ဝင်များရဲ့ စုဆောင်းရေးရုံးတွင် အသေခံဗုံးခွဲ တိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွား

အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ရှိ အီရတ်တပ်ဖွဲ့ဝင်များရဲ့ စုဆောင်းရေးရုံးတွင် (၉-၁-၁၄) ရက်နေ့က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ရပ် ဖြစ်ပွားခဲ့ရာ အီရတ်တပ်ဖွဲ့ဝင် (၁၃) ဦး သေဆုံးခဲ့ပြီး (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။ ယခုတိုက်ခိုက်မှုဟာ အန်ဘာပြည်နယ်တွင် အယ်လ်ကိုင်ဒါများအား အီရတ်အစိုးရက လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ပြန်လည်တုန့်ပြန် တိုက်ခိုက်တာ ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ 

No comments:

Post a Comment