ဒေါ်ခင်ကြည်
ဖောင်ဒေးရှင်း စာအုပ် လှူဒါန်းပွဲ အခမ်းအနားကို ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် ရန်ကုန်
နိုင်ငံခြား ဘာသာ တက္ကသိုလ်တွင် ကျင်းပ ပြုလုပ်ပါသည်။ ရှေးဦးစွာ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ
အဖွဲ့ဝင် သငန်းသော်အောင်က စာအုပ် လှူဒါန်းခြင်းအား ပြောကြားပြီး ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းမှ
အဖွဲ့ဝင် ဒေါ်ဥမ္မာမိုးမြင့်က စာအုပ်များ လှူဒါန်းရာ ရန်ကုန် နိုင်ငံခြား ဘာသာ တက္ကသိုလ်
ပါမောက္ခချုပ် ဒေါက်တာ ဒေါ်လွင်လွင်စိုးက လက်ခံပြီးနောက် စာအုပ်များ လှူဒါန်း ပေးခဲ့ကြသော
အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြပါသည်။
No comments:
Post a Comment