Sunday, January 5, 2014

တိုက်စစ်မှူးဟောင်း အူစီဘီဟို သည် ဇန်န၀ါရီလ (၅) ရက်နေ့တွင် ကွယ်လွန်



ပေါ်တူဂီနှင့် ဘင်ဖီကာ တိုက်စစ်မှူးဟောင်း အူစီဘီဟို သည် ဇန်န၀ါရီလ (၅) ရက် တနင်္ဂနွေနေ့၌ အသက် (၇၁) နှစ်အရွယ်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။ ၎င်းသည် ဘင်ဖီကာအသင်းကို ဥရောပဖလား ဖိုင်နယ် (၄)ကြိမ်ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး၊ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလားတွင် ဂိုးသွင်းဘုရင် ဖြစ်ခဲ့သည်။ မကြာသေးခင်နှစ်များမှ စပြီး အဆုတ်အအေးမိနှင့် နှလုံးရောဂါ ပြဿနာများကြောင့် ဆေးရုံတက်ပြီး ဆေးဝါးကုသမှု ခံယူခဲ့တာဖြစ်သည်။ ပေါ်တူဂီ အမျိုးသား ရုပ်သံမှ အူစီဘီဟို ကွယ်လွန်မှုကို ကြေငြာခဲ့သည်။

No comments:

Post a Comment