ပြန်ကြားရေးဝန်ကြီးဌာန၊
သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းစာရှင်းလင်းပွဲကို ဇန်န၀ါရီလ (၆) ရက်နေ့ နေ့လည် (၂) နာရီက
ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး လုပ်ငန်း အစည်းအဝေးခန်းမ
တွင် ကျင်းပရာ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး၊ ဦးဝင်းကြည်နှင့်
အဖွဲ့ဝင် မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ ညွှန်ကြားရေးမှူ ဦးသိန်းထွန်းအောင်တို့ တက်ရောက်ရှင်းလင်းခဲ့ကြပါသည်။
၂၀၁၂ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားနှင့် ပတ်သက်ပြီး အားသာချက်၊
အားနည်းချက်များကို ပြန်လည်သုံးသပ်ပြီး ၂၀၁၃ ခုနှစ်အတွက် လိုအပ်ချက်မရှိဘဲ ပြည့်စုံကောင်းမွန်မှု
ရှိအောင် စီစဉ်ဆောင်ရွက် သွားမည့်လုပ်ငန်းများနှင့် ပတ်သက်ပြီးလည်းကောင်း၊ ရုပ်ရှင်ဗီဒီယို
ဇာတ်ကားများ၏ ဓာတ်ပုံ၊ ပိုစတာများ တင်ပြခြင်းနှင့်ပတ်သက်ပြီး ဖြေလျော့ပေးမှု များနှင့်ပတ်သက်ပြီးလည်းကောင်း၊
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားကို Analog မှ Digital သို့ပြောင်းလဲရေးအတွက် အဆင့်
(၅) ဆင့်ဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အထိ ဆောင်ရွက်သွားမည့်အကြောင်း၊ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ
၂၅၇ ရုံအတွက် လျာထား ရေးဆွဲထားခြင်းဖြစ်ပြီး ယခုချိန်ထိ ၂၄၈ ရုံ တည်ဆောက်ပြီးဖြစ်ကြောင်း၊
၂၀၁၃ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ့မှစတင်ပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း
တို့တွင် DVB-T2 စနစ်ဖြင့် စတင်ထုတ်လွှင့်လျက်ရှိကြောင်း၊ MRTV မှ Digital ရုပ်သံလိုင်း
နောက်ထပ် (၃) လိုင်း ထပ်မံတိုးချဲ့ ထုတ်လွှင့်နိုင်ရန် ပညာရေး ၀န်ကြီးဌာနနှင့်ပူးပေါင်း၍
Education Channel ထုတ်လွှင့်ရန်နှင့် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၇) ကြိမ်မြောက်
အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲကျင်းပရေး လူထုစည်းရုံးလှုံ့ဆော်ရေး သတင်းပြန်ကြားရေးနှင့်
မှတ်တမ်းတင်ရေး ကော်မတီ၏ ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း
သတင်းရရှိပါသည်။
No comments:
Post a Comment