အမေရိကန်နိုင်ငံတစ်ဝန်းမှာ
အေးခဲမှုပြင်းထန်လျှက်ရှိပြီး နယူးယေက်စ် အီသာကာမှာ ရေခဲဖတ်များ စီးမြောလျှက် ရှိသလို
အယ်လ်ဘားမားမှာလဲ အပင်များပါ အေးခဲကုန်ပြီဖြစ်ပါသည်။ အာတိတ်က လေအေးများကြောင်း လက်ရှိမှာ
လေကြောင်း လိုင်းခရီးစဉ်များ၊ ခရီးသွားလမ်းများ၊ ကျောင်းများနဲ့ လုပ်ငန်းများကိုပါ
ရပ်ဆိုင်းထားရပါသည်။ အေးခဲမှုနဲ့ နှင်းကျဆင်းမှု ရာသီဥတု အခြေအနေနဲ့ ပတ်သက်ပြီး အာဏာပိုင်များက
သတိပေးချက် ထုတ်ပြန်ထားရပါသည်။ အပူချိန်ဟာ ရေခဲမှတ်အောက် အနုတ် (၁၄) ကနေ (၁၉) ဒီဂရီဆဲလ်စီးရပ်စ်
ထိရှိကြောင်း အမျိုးသား မိုးလေ၀သဌာန ထုတ်ပြန်ထားကြောင်း သိရပါသည်။
No comments:
Post a Comment