Saturday, March 1, 2014

ရေပေးဝေမှု ခေတ္တပြတ်တောက်မည်



ရန်ကုန်မြို့တော်သို့ သောက်သုံးရေများ ပေးပို့ဖြန့်ဝေလျက်ရှိသော ဂျိုးဖြူကန်မှ မြို့တွင်း ရေပေးဝေလျက်ရှိသည့် ရေပို့ပိုက်မကြီးမှာ မတ်လ (၁)ရက်နေ့ ညနေပိုင်းတွင် ချို့ယွင်းမှုအရ အမြန်ပြုပြင်လျက် ရှိပါသည်။ ရေပိုက်လိုင်း ပြုပြင်နေစဉ်အတွင်း အဓိကအားဖြင့် ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊ လမ်းမတော်၊ အလုံ၊ ကြည်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဗိုလ်တထောင်၊ ရန်ကင်း၊ မြောက်ဥက္ကလာ၊ မရမ်းကုန်းမြို့နယ်များတွင် အချို့နေရာများ၌ ရေပေးဝေမှုအချိန်ပိုင်း ပြတ်တောက်မည် ဖြစ်ပါသည်။ ဂျိုးဖြူကန်မှ ပေးဝေလျက်ရှိသည့် ရေသာ ခေတ္တပြတ်တောက်ခြင်းဖြစ်ပြီး ကျန်ရှိသော လှော်ကား၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်များမှ ရေပုံမှန် ပေးဝေလျက်ရှိပါသည်။ ပြုပြင်ပြီးစီးမည့် မတ်လ (၃)ရက်နေ့ နေလည်ခန့်တွင် ရေပုံမှန် ပြန်လည်ပေးဝေ နိုင်မည် ဖြစ်ပါကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အသိပေးအပ်ပါသည်။


No comments:

Post a Comment