လစ်ဗျားနိုင်ငံ၏
အရှေ့ပိုင်းမြို့ဖြစ်သည့် ဘန်ဂါဇီမှာ လက်နက်ကိုင်များက ပြင်သစ် လူမျိုး တစ်ယောက်ကို
(၂-၃-၂၀၁၄) ရက်နေ့တွင် သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေး အရာရှိ တစ်ဦး၏ ပြောကြားချက်အရ
သိရပါသည်။ ၄င်းအပြင် ပြင်သစ်သားသည် ဘန်ဂ်ဇီမှာ ရှိသည့် ကြီးမားသည့် ဆေးရုံ တစ်ခုကို
မြှင့်တင်မှုများ လုပ်ဆောင်နေသည့် ကုမ္ပဏီ တစ်ခုမှာ အလုပ်လုပ်ကိုင်နေသူ တစ်ဦးဖြစ်ပြီး
ဘန်ဂါဇီသည် ကားဗုံး ပေါက်ကွဲမှုများ စစ်သွေးကြွများကို ချောင်းမြောင်း လုပ်ကြံ သတ်ဖြတ်မှုများ များစွာ ဖြစ်ပွားလေ့ ရှိခဲ့ကြောင်းနှင့် သေနတ်နှင့်
သုံးချက် ပစ်ခတ်ခံရမှုကြောင့် ၄င်းသည် သေဆုံးခဲ့ကြောင်း တာဝန် ရှိသူများက ပြောကြားခဲ့ပါသည်။
No comments:
Post a Comment