မြန်မာ့အသံနှင့်
ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော ရုပ်မြင်သံကြား အစီအစဉ်များကို Analogue စနစ်မှ
digital စနစ် DVB – T2 သို့ ပြောင်းလဲ ထုတ်လွှင့်ရန် ဆောင်ရွက်လျက်ရှိရာ ဒုတိယအဆင့်အဖြစ်
မြစ်ကြီးနား၊ လွိုင်ကော်၊ ဘားအံ၊ ဖလမ်း၊ ကနေဒီ၊ မော်လမြိုင်၊ စစ်တွေ၊ တောင်ကြီး၊ ကျိုင်းတုံ၊
လားရှိုး၊ မြိတ်၊ ပြည်၊ တောင်ငူ၊ ညောင်လေးပင်၊ ပဲခူး၊ မင်းဘူး၊ ပုပ္ပါး၊ မိတ္ထီလာ၊ ကျောင်းကုန်း၊
ပုသိမ်၊ ဟင်္သာတ၊ မုံရွာတို့တွင် စက်ပစ္စည်း တပ်ဆင်မှုများ ဆောင်ရွက်လျက် ရှိပါသည်။ ပဲခူးစက်ရုံတွင်
DVB – T2 လွှင့်စက်နှင့် Antanna တပ်ဆင်ခြင်းတို့ကို (၁၀-၃-၁၄) ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ရာ
(၁၉-၃-၁၄) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ (၂၀-၃-၁၄) ရက်နေ့မှ စတင်၍ ပဲခူးစက်ရုံမှ
လွှင့်အား 3kw လှိုင်းနှုန်း ချယ်နယ် (E-30) ဖြင့် ဒီဂျစ်တယ် ရုပ်သံလိုင်းများ စမ်းသပ်ထုတ်လွှင့်
လျက်ရှိပါသည်။ လွိုင်ကော်စက်ရုံတွင် DVB – T2 လွှင့်စက်နှင့် Antanna တပ်ဆင်ခြင်းတို့ကို (၁၉-၃-၁၄) ရက်နေ့မှစတင်၍
ဆောင်ရွက်ခဲ့ရာ (၂၃-၃-၁၄) ရက်နေ့တွင် ဆောင်ရွက်ပြီးစီးခဲ့ပါသည်။ (၂၄-၃-၁၄) ရက်နေ့မှ
စတင်၍ လွိုင်ကော်စက်ရုံမှ လွှင့်အား 1 kw လှိုင်းနှုန်း ချယ်နယ် (E-24) ဖြင့် ဒီဂျစ်တယ်
ရုပ်သံလိုင်းများ စမ်းသပ်ထုတ်လွှင့်လျက် ရှိပါသည်။
No comments:
Post a Comment