မြန်မာနိုင်ငံ
အမျိုးသားအားကစားကော်မတီနှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီတို့က အားကစားဖြင့် နိုင်ငံဂုဏ်ကို
မြှင့်တင်ခဲ့ကြသည့် ခေတ်အဆက်ဆက် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများနှင့်
၂၀၁၃ခုနှစ် အကောင်းဆုံး (အမျိုးသား/အမျိုးသမီး) အားကစားသမား ဆုရရှိကြသူများအား ဂုဏ်ပြုပွဲအခမ်းအနားကို
ကျင်းပသွားမည်ဖြစ်ရာ အာရှ အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ် (၂)ခုနှင့် အထက် ရရှိခဲ့ကြသူများ၊
အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲများတွင်
ရွှေတံဆိပ်(၄)ခုနှင့်အထက် ရရှိခဲ့သူများအား ဂုဏ်ပြုချီးမြှင့် သွားမည်ဖြစ်သည်။ ဂုဏ်ပြုရန်
သတ်မှတ်ချက်နှင့် ကိုက်ညီသည့် အားကစားသမားဟောင်းကြီးများနှင့် ဂုဏ်ပြုပွဲအခမ်းအနားကို
မေလ (၁၀)ရက်တွင် ရန်ကုန်မြို့တွင် ကျင်းပသွားရန် စီစဉ်ထားသည်။
No comments:
Post a Comment