ထိုင်းနိုင်ငံမှာ (၆)လကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်
ထိုင်းစစ်တပ်မှ နိုင်ငံတော် တည်ငြိမ်ရေးအတွက် အာဏာသိမ်းခဲ့ပြီး အခုအခါမှာတော့ နိုင်ငံတစ်ဝန်းလုံး
ညမထွက်ရ အမိန့်ကို ထုတ်ပြန်ခဲ့ပါသည်။ ညမထွက်ရ အချိန်မှာ ည(၁၀)နာရီမှ မနက်(၅)နာရီ အထိဖြစ်ပြီး
ဘန်ကောက်မြို့ လယ်မှာတော့ ည(၈)နာရီ ကတည်းက ပိတ်ထားခဲ့ပါသည်။ ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းဖြင့်
ဘန်ကောက်မြို့ရှိ ဈေးသည် အချို့က ၄င်းတို့ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်များ ထိခိုက်မှာကို
စိုးရိမ်လျက် ရှိကြပါသည်။ ကာဖျူးအမိန့်ကို ဘယ်လောက်ကြာကြာ အမိန့်ထုတ်ထားမယ် ဆိုတာကိုတော့
ထိုင်းစစ်တပ်က ပြောကြားခြင်း မရှိသေးပါဘူး။ ကန့်သတ်ချိန် အတွင်းမှာ မည်သူတစ်ဦး တစ်ယောက်မျှ
လှုပ်ရှားသွားလာခြင်း မရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါသည်။ ထိုင်းစစ်တပ် ရုပ်မြင်သံကြားမှ
ထိုင်းနိုင်ငံအတွင်းရှိ နောက်ဆုံးဖြစ်ပျက် လျှက်ရှိတဲ့ သတင်းများကို ပြည်သူများအား
ထုတ်လွှင့်ကြေညာ ပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း ထိုင်းစစ်တပ်မှ ပြောကြားခဲ့ပါသည်။ ထိုင်းဗိုလ်ချုပ်ကြီး
ပရာယွတ် ချန်အိုချာကတော့ အကြမ်းဖက်မှု ကာကွယ်ရေးအတွက် နိုင်ငံတော် အာဏာကို မလွှဲမရှောင်သာ
အခြေအနေတွေကြောင့် ရယူခဲ့ရတာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment