Tuesday, June 3, 2014

အာရှ အိုလံပစ်ကောင်စီ အထူး အထွေထွေညီလာခံသို့ တက်ရောက်ရန် မြန်မာအိုလံပစ် ကော်မတီအဖွဲ့ဝင်များ ကူဝိတ်နိုင်ငံသို့ထွက်ခွာ




၂၀၁၄ ခုနှစ် ဇွန်လ(၄)ရက်နေ့မှ (၅)ရက်နေ့အထိ ကူဝိတ်နိုင်ငံ (ကူဝိတ်မြို့တော်)၌ ကျင်းပမည့် အာရှ အိုလံပစ်ကောင်စီ အထူး အထွေထွေညီလာခံနှင့် အပြည်ပြည်ဆိုင်ရာ အားကစားခုံသမာဓိ အစည်းအဝေးသို့ တက်ရောက်ရန် အတွက် အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံအိုလံပစ် ကော်မတီ အထွေထွေ အတွင်းရေးမှူး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်လွင်တို့သည် မနေ့က ည(၈)နာရီက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာသွားရာ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment