ရေနံချောင်းမြို့နယ်တွင်
လုပ်ငန်းခွင်အတွင်း ထိခိုက်မှုကြောင့် သေဆုံးခဲ့သော ဦးသက်ဇော်ထွန်း (diamond star Company) ၏ ကျန်ရစ်သူ မိသားစုအား နာရေးစရိတ်
ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ(၂၉)ရက်နေ့ မနက်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အကျိုးခံစားခွင့်နှင့် နာရေးစရိတ် (၆၈ သိန်း ၄ သောင်း
၎ ထောင့် ၂၀ဝ)အား အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဒေါ်ဝင်းမော်ထွန်းမှ ပေးအပ်ရာ ကျန်ရစ်သူဇနီးက လက်ခံရယူပါတယ်။ ၎င်းးနောက် (diamond star Company) ရုံးချုပ် မန်နေဂျာက လူမှုဖူလုံရေး အသင်းဝင်တစ်ဦးအား
လုပ်ငန်းခွင်အတွင်း အသက်ဆုံးရှုံးခဲ့ရခြင်းအတွက် အကျိုးခံစားခွင့်အား ကျန်ရစ်သူမိသားစု
လက်ဝယ်အရောက် အမြန်ဆုံးရရှိအောင် ဥပဒေနှင့်အညီ ဆောင်ရွက်ပေးပါသော အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ပါတယ်။
No comments:
Post a Comment