Monday, June 2, 2014

ဖေဘီယန်-ကော့စ်စတိုးသည် ဖလော်ရီဒါရှိ ရေအောက်ဓါတ်ခွဲခန်းမှာ တစ်လကြာ နေထိုင်ရန်အတွက် စတင်လုပ်ဆောင်ခဲ့ကြောင်း



 လူသိများထင်ရှားလှတဲ့ အဏ္ဏဝါဗေဒပညာရှင် (ယာ့က်-အိဗ်-ကော့စ်တိုး)ရဲ့ မြေးဖြစ်သူ (ဖေဘီယန်-ကော့စ်စတိုး)ဟာ ၄င်းအဖိုးရဲ့ ရာစုနှစ်ဝက်ခန့် တင်ခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက် ဖလော်ရီဒါရှိ ရေအောက်ဓါတ်ခွဲခန်းမှာ တစ်လကြာ နေထိုင်ရန်အတွက် စတင်လုပ်ဆောင်ခဲ့ကြောင်း သိရပါသည်။ ၄င်းဟာ ယခုလ(၁)ရက်နေ့က စတင်ပြီး အကွာရီးယပ်စ်လို့ အမည်ရတဲ့ ရေအောက် ဓါတ်ခွဲခန်းမှာ (၃၁)ရက်ကြာ နေထိုင်ရန် စီစဉ်ကာ ငါးများရဲ့ အလေ့အထများ သမုဒ္ဒရာ ညစ်ညမ်းမှုနှင့် သန္တာကျောက်တန်းများပေါ်ရှိ သမုဒ္ဒရာများ ပူနွေးမှုနှင့် ပင်လယ်ရေအောက်မှာ လူရဲ့ခန္ဓာကိုယ် ဘယ်လောက်ကြာကြာ နေထိုင်နိုင်မလဲ ဆိုတာကို သုတေသီများ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူများနှင့် အတူလေ့လာသွားမှာ ဖြစ်ပါသည်။ သမုဒ္ဒရာရဲ့ လျို့ဝှက်ချက်တွေကို အကောင်းဆုံး ထိန်းသိမ်းထားနိုင်တဲ့ ၄င်းဓါတ်ခွဲခန်းဟာ (၁၃)မီတာ ကျယ်ဝန်းပြီး လေအေးပေးစက် တပ်ဆင်ထားကာ ကြိုးမဲ့ အင်တာနက်စနစ် ရေချိုးခန်း နံရံကပ်အိပ်စင်(၆)ခုနှင့် အလင်းပေါက်များလည်း ပါရှိတာကြောင့် ပတ်ဝန်းကျင်ကို (၂၄)နာရီ ကောင်းစွာ မြင်နိုင်ပါသည်။ ပင်လယ်ရေအောက်မှာ နေထိုင်ခြင်းဖြင့် သိပံ္ပပညာရှင်များအနေနဲ့ ၄င်းတို့ရဲ့ နေ့စဉ် သုတေသနပြုမှုများနဲ့ အချက်အလက်များ စုစည်းမှုတို့အတွက် အထောက်အပံ့များ ရရှိမှာဖြစ်ပါသည်။ သုတေသီများဟာ နေရောင်ကြောင့် သန္တာကျောက်တန်းများ အရောင်ပြောင်းလာခြင်းနှင့် ပတ်သက်တဲ့ အကျိုးရလဒ်များကို လေ့လာကာ စကိုက်ပ်မှတဆင့် ကမ္ဘာတစ်ဝန်းမှ ကျောင်းသားများကို သင်ကြားပို့ချခဲ့ကြောင်း သိရှိရပါသည်။ 


No comments:

Post a Comment