ရခိုင်ပြည်နယ်၊
ရသေ့တောင်မြို့နယ် နဂါးမောက် (တောင်) ရွာတွင် ရွှေနဂါး အမည်ရှိ ကျေးရွာ စာကြည့်တိုက်အား မေလ (၃၁)ရက်နေ့က
ဖွင့်လှစ်ခဲ့ပါသည်။ စာကြည့်တိုက် ဖွင့်ပွဲတွင် ကျေးရွာသူ/ကျေးရွာသားများ အသိပညာ ဗဟုသုတ
ရရှိစေရန် ရည်ရွယ်ပြီး စာပေဟောပြောပွဲကိုပါ ထည့်သွင်း ဟောပြော ပါသည်။ အဆိုပါ ရွှေနဂါး
စာကြည့်တိုက်အား ရသေ့တောင်မြို့နယ် နဂါးမောက် (တောင်) ရွာဦး ဘုန်းတော်ကြီး ကျောင်းမှာ
ဖွင့်လှစ် ခဲ့ခြင်းဖြစ်ပြီး ရွှေနဂါး စာကြည့်တိုက်အား ဦးထွန်းအောင်ရွှေ (စစ်တွေ ညိုသန့်)၊
ဦးကျော်ဆန်း (စစ်တွေ လွမ်းပြေအောင်)၊ ဦးလှကျော် (ဗဂျီးကျော်) တို့မှ ဝတ္ထုစာအုပ်၊ မဂ္ဂဇင်း၊
ဂျာနယ်များ လှူဒါန်း ခဲ့ကြပါသည်။
No comments:
Post a Comment