မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးဘုန်းမော်ရွှေသည် ဇွန်လ(၁)ရက်နေ့တွင် မင်းဘူးခရိုင် မင်းဘူး(စကု)မြို့နယ် ဆားပွတ်ချောင်း
ကြိုးတံတား(ကျွန်းပြား) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပါတယ်။ ဖွင့်ပွဲအခမ်းအနားတွင်
မင်းလူး(စကု) မြို့နယ် စည်ပင်သာယာရေး ကော်မတီအတွင်းရေးမှူး ဦးကျော်သူမှ ကြိုးတံတား
ဆောက်လုပ်ခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းတင်ပြခဲ့ပြီး ကျွန်းပြားကျေးရွာ ဒေသခံ ပြည်သူ
ဦးတင်မောင်မှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ အဲ့ဒီနောက် ကြိုးတံတားသစ်အား မကွေးတိုင်းဒေသကြီး
လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်တင် မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွန်ကြားရေးမှူးနှင့်
မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးတို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက်
တိုင်းဒေသကြီးဝန်ကြီး ဦးဘုန်းမော်ရွှေနှင့် တာဝန်ရှိသူများမှ ကြိုးတံတားအား ဖြတ်သန်း
ကြည့်ရှု့ပြီး ဒေသခံပြည်သူများ၏ တင်ပြချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း
ပေးခဲ့သည်။ အခုဖွင့်လှစ်သော ကြိုးတံတာမှာ အရှည်(၁၇၂)ပေ၊ အကျယ်(၅)ပေရှိပြီး ကြိုးတံတားတည်ဆောက်မှုအား
မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ကူညီပံ့ပိုးမှုဖြင့် ဆွစ်ဇာလန်နိုင်ငံသား
အလှူရှင် မစ္စတာတိုနီမှ ကြိုးတံတားနှင့် ပတ်သက်သော သံမဏိဆိုင်းကြိုး၊ ယက်မများ အပါအဝင်
စုစုပေါင်း ကျပ်သိန်း(၃ဝဝ)ထည့်ဝင် လှူဒါန်းပြီး ကြိုးတံတား တည်ဆောက်မှု ပညာရှင်များနှင့်
နည်းပညာပိုင်း ပံ့ပိုးပေးပြီး မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ ကြိုးတံတား ချဉ်ကပ်လမ်း
တစ်ဖက်ပေ(၃ဝဝဝ)အား မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း
သိရှိရပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျွန်းပြားကျေးရွာ အခြေခံပညာ
အလယ်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသူ/ကျောင်းသားများအတွက် ကျောင်းသုံးဗလာစာအုပ်များ၊
အားကစားပစ္စည်းများ ပေးအပ်ပြီး ဆရာ/ဆရာမများသို့ ကျောင်းဝတ်စုံ၊ များဂုဏ်ပြုချီးမြှင့်
ထောက်ပံ့ပြီး စာသင်ကျောင်းအတွင်း ကျောင်းဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှု၊ ကျောင်းအပ်နှံမှု
အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်မျာကို ကူညီပံ့ပိုး ပေးခဲ့သည်။
No comments:
Post a Comment