Sunday, June 1, 2014

မိတ္ထီလာကန်ပြန်လည်ပြုပြင်ရန်အတွက် အလုပ်ရုံဆွေးနွေးပွဲ





ရှေးမြန်မာမင်းများ လက်ထက်ထဲက အစဉ်အဆက် ထိန်းသိမ်းလာခဲ့တဲ့ ကန်တစ်ကန်ဖြစ်တဲ့ မိတ္ထီလာကန်ဟာဆိုရင် နှစ်ပေါင်းကြာလာတာနှင့်အမျှ  နုန်းများ တဖြေးဖြေး ပို့ချလာတာကြောင့် ရေလှောင်ပမာဏ လျော့နည်းလာသည်ဟု သိရှိရပါသည်။ မြန်မာနိုင်ငံ  အပူပိုင်းဇုန် ဒေသရှိ မိတ္ထီလာကန်ကြီးသည် ပြန်လည်ပြုပြင်ရန် လိုအပ်နေသောကြောင့် မြန်မာနိုင်ငံအတွင်း ရေအရင်းအမြစ်ကို ဘက်စုံစီမံ ခန့်ခွဲမှုနှင့် ပတ်သက်ပြီး လုပ်ဆောင်နေသော IWRM အဖွဲ့က ဦးဆောင်သည့် ကျွမ်းကျင်ပညာရှင်များ အလုပ်ရုံဆွေးနွေးပွဲ တစ်ခုကို ဇွန်လ(၁)ရက်နေ့က မိတ္ထီလာမြို့ရှိ ဝန်ဇင်းဟိုတယ်မှာ ပြုလုပ်ခဲ့ပါတယ်။ အလုပ်ရုံဆွေးနွေးပွဲကို နယ်သာလန်နိုင်ငံမှ ပညာရှင်အဖွဲ့က ဦးဆောင်ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံအနေဖြင့် ရေအရင်းအမြစ်များ ဘက်စုံစီမံ ခန့်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်ရန်အတွက် နယ်သာလန်နိုင်ငံနှင့် နှစ်နိုင်ငံချစ်ကြည်ရေး စာချွန်လွှာကို ပြီးခဲ့သည့် (၂ဝ၁၃)ခုနှစ် မေလက လက်မှတ်ရေးထိုးကြသည်။ ဇွန်လ(၁)ရက်နေ့က ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲမှ ရရှိလာမယ့် အချက်အလက်များကို နိုင်ငံတော်အဆင့် ရေအရင်းအမြစ်နဲ့ ပတ်သက်တဲ့ မဟာဗျူဟာ ရေးဆွဲမှုလုပ်ငန်းများမှာ တင်ပြသွားမည်ဟု သိရှိရသည်။ နယ်သာလန်နိုင်ငံမှ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံမှ ဒုတိယသမ္မတတို့ တက်ရောက်မည့်ေ၇အရင်းအမြစ် ဘက်စုံစီမံခန့်ခွဲမှုနဲ့ ပတ်သက်တဲ့   အလုပ်ရုံဆွေးနွေးပွဲကိုတော့ ယခုနှစ် ဇွန်လ(၄)ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပသွားမယ်လို့ သိရှိရပါတယ်။

No comments:

Post a Comment