Tuesday, June 3, 2014

လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းဖွင့်ပွဲကို (Unpulse Model) နဲ့ (NGOs) အဖွဲ့များ ပူးပေါင်းကာ ကျင်းပပြုလုပ်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့သည် ပြည်သူများ လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အသိပညာ ဗဟုသုတ ရရှိစေပြီး လူကုန်ကူး မခံရစေရေးအတွက် အသိပညာပေး ဟောပြောခြင်း၊ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ လူစည်ကားရာ နေရာများ၊ မော်တော်ကားဂိတ်များ၊ ဘူတာရုံများတွင် အသိပညာပေး ဘေလ်ဘုတ်များ စိုက်ထူခြင်း၊ ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှု ဖြစ်စဉ်များအား သင်ခန်းစာရယူနိုင်ရန် နေ့စဉ်ထုတ် သတင်းစာ၊ ဂျာနယ်၊ စာစောင်များနှင့် ရုပ်သံလိုင်းများတွင် ဖေါ်ပြ ပါရှိနိုင်ရေးအတွက် သက်ဆိုင်ရာ သတင်းမီဒီယာများနှင့် ဆက်သွယ် ဆောင်ရွက်လျက်ရှိပါသည်။  ထို့အပြင် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ပုဒ်များဖြစ်တဲ့ လူကုန်ကူးမှု အန္တရာယ် ဝိုင်းဝန်းကာကွယ်၊ လူကုန်ကူးမှု တားဆီးရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး၊ လူကုန်ကူးမှု တိုက်ဖျက်ရေး လူတိုင်းကိုယ်စီ သတင်းပေး၊ လူကုန်ကူးမှု တွန်းလှန်မှ လူသားဘဝ လုံခြုံရ၊ လူကိုလူချင်း ကုန်ကူးမှု ပတ်ဝန်းကျင်တွင် သတိပြု၊ လူသားအခွင့်အရေး သိက္ခာဆောင် ခေါင်းပုံဖြတ်မှု အစဉ်ရှောင်၊ စိတ်နှလုံးဖြူ မေတ္တာတူ လူကုန်ကူးခံရသူ လက်တွဲကူ၊ လူကုန်ကူးရန် ကင်းဝေဖို့ အားလုံးပါဝင် ကူညီစို့၊ လူကုန်ကူးမှု တိုက်ဖျက်ရေး တို့တွေ ပါဝင်ကူညီပေးနဲ့ ရွှေ့ပြောင်းသွားလာ အလုပ်လုပ်ကိုင်ရာ၊ ကြိုတင်လေ့လာ ဘေးကင်းကွာ စတဲ့ ဆောင်ပုဒ်များကို ထုတ်ပြန်လျက်ရှိပါသည်။ ရန်ကုန်မြို့ (Park Royal Hotel) မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းဖွင့်ပွဲကို (Unpulse Model) နဲ့ (NGOs) အဖွဲ့များ ပူးပေါင်းကာ ကျင်းပပြုလုပ်ခဲ့ပါသည်။


No comments:

Post a Comment