Wednesday, July 30, 2014

ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းတွင် Air con ပါရှိသော တွဲဆိုင်းဖြင့် အစားထိုး ပြေးဆွဲတော့မည်



ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးလမ်းပိုင်းတွင် ရထားစီး ခရီးသည်များ စိတ်ချမ်းမြေ့စွာ ရထားအသုံးပြု စီးနင်းနိုင်ရေးအတွက် Air Con အသုံးပြုနိုင်သည့် RBE အထူးတွဲဆိုင်းအား ၂၀၁၃ ခုနှစ် ဖေဖေါ်ဝါရီ (၅)ရက်တွင် ခရီးစဉ်ထပ်တိုး ပြေးဆွဲပေးခြင်း၊ ရထားအမှတ်(ဇ) အဆင့်မြင့် တွဲဆိုင်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာ (၁)ရက်တွင် တွဲဆိုင်းအစားထိုး ပြေးဆွဲပေးခြင်း၊ ရထားအမှတ်(၈) အဆင့်မြင့် တွဲဆိုင်အား ၂၀၁၄ ခုနှစ် ဇန်နဝါရီ (၁)ရက်တွင် ခရီးစဉ်ထပ်တိုး ပြေးဆွဲပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သည်။ ရထားစီး ခရီးသည်များ အဆင့်အတန်းမြင့် သက်သောင့်သက်သာ စီးနင်းနိုင်ရေးအတွက် (ဇ)နှင့်(ဂ)တွဲဆိုင်း (၂)ဆိုင်းနေရာတွင် ဂျပန်နိုင်ငံမှ မကြာသေးခင်က ရောက်ရှိလာသော Air Con  ပါရှိသည့် RBE တွဲ(၅)တွဲပါ တွဲဆိုင်း(၂)ဆိုင်းဖြင့် အစားထိုး ပြေးဆွဲခြင်းအား များမကြာမီ အချိန်အတွင်း ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။ ထိုသို့ ပြေးဆွဲရာတွင် ခရီးသည်များ ငွေကုန်ကြေးကျ သက်သာစေရန် အတွက်လည်း ယခင်ပြေးဆွဲနေသော Air Con RBE ကောက်ခံ ဈေးနှုန်းထက် လျော့ပေါ့ ကောက်ခံသွားမည် ဖြစ်ကြောင်း သိရှိရသည်။ ထို့အပြင် အထူးပြေးဆွဲ ပေးနေသော မြို့ပတ်ရထား တွဲဆိုင်း(၂)ဆိုင်း၏ လက်မှတ်ခနှုန်းထား များကိုလည်း လျော့ပေါ့ ကောက်ခံသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရှိရသည်။

No comments:

Post a Comment