နွားထိုးကြီးမြို့နယ်
မင်းရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (၁၁)နှစ်မြောက် ပညာရည်ချွန် ဆုပေးပွဲ အခမ်းအနားကို
ဇူလိုင်လ (၂၆)ရက် နံနက်ပိုင်းက ကျင်းပရာ အခမ်းအနားမှာ ပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဥာဏ်ထွန်းအောင် က အဖွင့်အမှာစကား ပြောကြားသည်။ အဲဒီနောက် မင်းရွာအခြေခံပညာ အထက်တန်းကျောင်း(ခွဲ)
အတွက် ကွန်ပျူတာတစ်စုံကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းထိန် ထံ ပေးအပ်လှူဒါန်းပြီး
အခြေခံပညာ (၆)ကျောင်းမှ ဆရာ/ဆရာမ (၅၇)ဦး၊ ကျောင်းသား/ ကျောင်းသူ (၁၄၂)ဦးတို့ကို ပြည်ထောင်စုဝန်ကြီး၊
ဇနီးနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ကြပါသည်။ ဆက်လက်ပြီး ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား
ပြောကြားခဲ့ပါတယ်။ အဲဒီနောက် အိုးပုံတော အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အခြေခံပညာကျောင်း
(၈)ကျောင်းမှ ဆရာ/ဆရာမ(၆၀)၊ ကျောင်းသား/ ကျောင်းသူ (၁၃၅)ဦးတို့ကို ဆုများချီးမြှင့်ပြီး
(ထန်းတောမ) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲနှင့် ပညာရည်ချွန်
ဆုပေးပွဲကို တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် (ထန်းတောမ) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)ကို
ဖဲကြိုးဖြတ်၍ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးကာ အခြေခံပညာ ကျောင်းများမှ ဆရာ/ဆရာမ (၂၈)ဦး၊
ကျောင်းသား/ ကျောင်းသူ (၉၀)တို့ကို ဆုများချီးမြှင့် ကြပါသည်။ ဇူလိုင်လ (၂၇)ရက်နှင့်
(၂၈)ရက်နေ့တို့မှာ ကျင်းပတဲ့ ရသစ် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)နှင့် ညောင်ပင်ရွာ
အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များ အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲများ၊ ကြာပင်အိုင်
အထက်တန်းကျောင်း(ခွဲ) ပညာရည်ချွန် ဆုပေးပွဲ၊ မကျီးကန် အထက်တန်းကျောင်း(ခွဲ) ပညာရည်ချွန်
ဆုပေးပွဲ၊ ဆူးရစ်ကုန်း အလယ်တန်းကျောင်း(ခွဲ)နှင့် ရွာသာအေး အလယ်တန်းကျောင်း(ခွဲ)များ
အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲများနှင့် ပညာရည်ချွန် ဆုပေးပွဲများသို့ တက်ရောက် ဖွင့်လှစ်ပေးပြီး
ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့် ခဲ့ကြပါသည်။ ဇွန်လ (၂၉)ရက်နေ့တွင်
လျှော်ဖြူ(တောင်) အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ၊
ကန်နား အခြေခံပညာ အထက်တန်းကျောင်းနှင့် ပြင်စည် အခြေခံပညာ အထက်တန်းကျောင်းများ ပညာရည်ချွန်
ဆုပေးပွဲများကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး
ဆရာ/ဆရာမနှင့် ကျောင်းသား/ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment