Wednesday, July 30, 2014

ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကိုကိုဦး ရန်ကုန်မြို့ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာနသို့ ရောက်ရှိပြီး သုတေသန လုပ်ငန်းများနှင့် ဓါတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေး




သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကိုကိုဦးသည် ဇူလိုင်လ(၂၈)ရက်တွင် ရန်ကုန်မြို့ မြန်မာ့သိပ္ပံနှင့် နည်းပညာ သုတေသန ဦးစီးဌာနသို့ ရောက်ရှိပြီး သုတေသန လုပ်ငန်းများနှင့် ဓါတ်ခွဲခန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ဆက်လက်ပြီး အစည်းအဝေး ခန်းမမှာ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး လက်တွေ့ကျသော သုတေသန လုပ်ငန်းများကို တိုးတက်အောင်မြင်မှုများ ရရှိအောင် ကြိုးစားသွားကြရန်နှင့် စက်မှုကုန်ထုတ် လုပ်ငန်းများ၏ နည်းပညာ လိုအပ်ချက်များ အပေါ် သုတေသနပြု ဆောင်ရွက်ရာတွင် နည်းပညာရလဒ် တစ်ခုတည်းသာမက စီးပွားရေးအရ တွက်ခြေကိုက်နိုင်မှုများပါ ထည့်သွင်းစဉ်းစားကြရန် အဆင့်မီသုတေသန ဓါတ်ခွဲခန်းကြီးများ ဖြစ်ပေါ်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်သိမှု၊ တာဝန်ယူမှုဖြင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပါသည်။ ဇူလိုင်လ(၂၉)ရက်တွင် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်အနောက်ပိုင်း နည်းပညာ တက္ကသိုလ်သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး နိုင်ငံတကာ အဆင့်မီ တက္ကသိုလ်ကြီးများ ဖြစ်လာစေရန် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတကာ အဆင့်မီ ပညာရပ်များကို စာတွေ့၊ လက်တွေ့ သင်ကြားပေးရန် ၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ များအား တိကျစွာ လေ့ကျင့်သင်ကြား ပေးကြရန်၊ သုတေသန လုပ်ငန်းများ လုပ်ဆောင်သွားကြရန်နဲ့ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး အတွက် မှာကြားခဲ့ပါတယ်။ အဲဒီနောက် ပြည်ထောင်စု ဝန်ကြီးသည် ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားနေမှုများကို လိုက်လံကြည့်ရှု ခဲ့ကြောင်း သိရှိရပါသည်။

No comments:

Post a Comment