Tuesday, July 1, 2014

ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေးကျင်းပ

ပထမအကြိမ် အမျိုးသားလွှတ်တော် ဒသမပုံမှန် အစည်းအဝေး (၂၂)ရက်မြောက်နေ့ကိုဒီကနေ့ ဇူလိုင်လ (၁)ရက် မနက် (၁၀)နာရီကကျင်းပရာမင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်ရှိဝရာရိုးချောင်းအား ပြန်လည် တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မန္တလေး- မြစ်ကြီးနား ပြည်ထောင်စုလမ်းအဖြစ် အသုံးပြုလျက်ရှိသောမိုးကောင်း မြို့တွင်းလမ်းအား (၂၄)ပေအကျယ် ကတ္တရာလမ်းအဖြစ် ဖြည့်စွက် ရန်ပုံငွေဖြင့် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ၊ တီးတိန်- ရိဒ်ခေါဒါရ် နယ်စပ်ကုန်သွယ်ရေးလမ်းအားအဆင့်တိုးမြှင့်၍ ကတ္တလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ၊ မေးခွန်းများအပါအဝင် မေးခွန်း(၇)ခုမေးမြန်းခဲ့ကြရာသက်ဆိုင်ရာဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများက ပြန်လည် ဖြေကြားခဲ့ကြပါသည်။ ဆက်လက်ပြီး ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာတဲ့ မြန်မာ့ပုလဲလုပ်ငန်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနဲ့ စပ်လျဉ်းတဲ့ အစီရင်ခံစာကိုဖတ်ကြားတင်သွင်းခြင်း၊ ရခိုင်ပြည်နယ်မှာရခိုင်လူမျိုးများနေပျော်လာအောင် အမျိုးသားရေးတာဝန်တစ်ရပ် အနေဖြင့် အခြေအနေအရပ်ရပ်ကိုဖန်တီးဖော်ဆောင်ပေးရန် တိုက်တွန်းကြောင်းအဆိုကိုကိုယ်စားလှယ် (၅)ဦးကဆွေးနွေးခြင်းတို့ ဆောင်ရွက် ခဲ့ကြပါသည်။ ဒီကနေ့ အစည်းအဝေးကိုမွန်းလွဲ(၁)နာရီ (၄၅)မိနစ်မှာရပ်နားခဲ့ပါသည်။

No comments:

Post a Comment