ကျေးလက်နေ
ပြည်သူများအား အရေးပေါ်သုံး မြန်မာ့တိုင်းရင်း ဆေးသေတ္တာ ဖြန့်ဝေပေးအပ်ပွဲ အခမ်းအနားကို
ဇွန်လ (၃၀)ရက် နံနက်က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး
ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပရာ ရှေးဦးစွာ မြို့နယ် ဒုတိယ အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကား
ပြောကြားပြီး ညောင်လေးပင်မြို့နယ် တိုင်းရင်း ဆေးပညာ ဦးစီးဌာန မြို့နယ် တိုင်းရင်းဆေးမှူးက
အရေးပေါ် ဆေးသေတ္တာ ဖြန့်ဝေရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားပါသည်။ ဆက်လက်ပြီး
မြန်မာနိုင်ငံ တိုင်းရင်းဆေးဆရာ အသင်း တိုင်းဒေသကြီး တိုင်းရင်းဆေးဆရာ အသင်းခွဲ ဥက္ကဌနှင့်
မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက အရေးပေါ်သုံး တိုင်းရင်း ဆေးသေတ္တာ များအား ကျေးရွာ
အုပ်ချုပ်ရေးမှူးများအား ပေးအပ်ကြပါသည်။
No comments:
Post a Comment