အလုပ်သမား အလုပ်အကိုင်နှင့်
လူမှုဖူလုံရေး ဝန်ကြီးဌာနသည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း
(IOM) နှင့် ပူးပေါင်းပြီး ရွှေ့ပြောင်း အလုပ်သမား စုဆောင်းခြင်း ကဏ္ဍ တိုးမြှင့်ရေး ပြုပြင်ပြောင်းလဲရေး
တို့နှင့် စပ်လျဉ်းပြီး မဟာဗျူဟာများ ရေးဆွဲနိုင်ရေး အတွက် အလုပ်ရုံ ဆွေးနွေးပွဲကို
ဇူလိုင်လ (၁)ရက်နေ့က နေပြည်တော်ရှိ ရွိုင်ရယ်ကုမုဒြာ ဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့သည်။
အလုပ်ရုံ ဆွေးနွေးပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဦးအေးမြင့်နှင့် ဒုတိယဝန်ကြီးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment