နိုင်ငံတော်
သံဃမဟာနာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်
ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ကုမာရာ ဘိဝံသ နှင့် နိုင်ငံတော် သံဃမဟာ နာယက ဆရာတော်ကြီးများ၊
ရန်ကုန်မြို့၌ သီတင်းသုံးကြသော ကံမမြို့နယ်ဖွား ဆရာတော်များ၊ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဓဇ
ဘွဲ့တံဆိပ်တော် ဆက်ကပ် ရရှိတော်မူသော နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ကံမမြို့နယ်
အင်ဘက်တောကျောင်း ဦးစီးပဓာန နာယက ဘဒ္ဒန္တ စိတြဥာဏ နှင့် ပင့်ဖိတ်တော် မူထားသော ဆရာတော်များ
စုစုပေါင်း ဆရာတော် သံဃာတော် (၂၂)ပါးတို့အား ကံမမြို့နယ်အသင်း (ရန်ကုန်) အသင်းသား အသင်းသူများ၏
ဂုဏဝိသိဋ္ဌပူဇာ ပူဇော်ပွဲမင်္ဂလာ အခမ်းအနားနှင့် (၁၅)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ
အခမ်းအနားကို အခုလ (၂၇)ရက်နေ့က ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ကျောင်းကြီးလမ်းရှိ
မဟာပုညောပကာရ ဓမ္မာရုံ၌ ကျင်းပသည်။ အခမ်းအနားမှာ အသင်းသား အသင်းသူများက ဆရာတော် သံဃာတော်များအား
ပူဇော် ကန်တော့ကြပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြသည်။ အဲဒီနောက်
အသင်းဥက္ကဌ ဒုတိယဗိုလ်မှူးကြီး ဝင်းအောင် (အငြိမ်းစား) ကလည်း အသင်း၏ ဆောင်ရွက်ချက်များကို
ရှင်းလင်း လျှောက်ထားခဲ့သည်။
No comments:
Post a Comment