Tuesday, July 1, 2014

၂၀၁၄ ခုနှစ် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ ဆက်လက်ကျင်းပ



ပညာရေး ဝန်ကြီးဌာန၏ ၂၀၁၄ ခုနှစ် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး နှီးနှောဖလှယ်ပွဲ (အဆင့်မြင့် ပညာကဏ္ဍ)ကို ဇွန်လ (၃၀)ရက် နံနက်ပိုင်းမှာ ရန်ကုန်မြို့ ပြည်လမ်းရှိ တက္ကသိုလ် စိန်ရတုခန်းမတွင် ဆက်လက် ကျင်းပသည်။ နှီးနှောဖလှယ်ပွဲမှာ ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ က ပါဝင်ဆွေးနွေးရာတွင် နှီးနှောဖလှယ်ပွဲ ပထမနေ့က အဖွဲ့ခြောက်ဖွဲ့ခွဲ၍ ဆွေးနွေးခဲ့သော ခေါင်းစဉ်(၆)ခု အပေါ် ညှိနှိုးရရှိချက်များကို ပြန်လည်တင်ပြ ဆွေးနွေးပြီး အများညှိနှိုင်း အတည်ပြုရေး၊ ယင်းလုပ်ငန်းစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်ရမည့် သတ်မှတ်ကာလအတွင်း ပြီးမြောက်အောင် ဆောင်ရွက်ရေးနှင့် တက္ကသိုလ်စီမံခန့်ခွဲရေး ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အစိုးရအဖွဲ့များ ပညာရှင်များ ကျောင်းသား ကျောင်းသူဟောင်းကြီး များနှင့် ပူးပေါင်း ဆောင်ရွက်ရေး၊ လုပ်ငန်းရှင်များ၊ စေတနာရှင်မျာ၊ နိုင်ငံတကာ အဖွဲ့အစည်းများက နိုင်ငံခြား    ပညာသင်ဆုများ ထောက်ပံ့ပေး လာလျှင်လည်း လက်ခံ စေလွှတ်ပေးနိုင်ရန် စီစဉ် ဆောင်ရွက်နိုင်ရေး ဆွေးနွေး မှာကြားပါသည်။ 


No comments:

Post a Comment