Tuesday, July 1, 2014

တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ သိပ္ပံနည်းကျ စိုက်နည်းစနစ် (GPA)ဖြင့် ပျိုးထောင်နည်း စနစ်ဖြင့် ပျိုးဘောင် ပြုလုပ်ခြင်း၊ မျိုးစေ့ချခြင်း လုပ်ငန်းများ ဆောင်ရွက်

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၏ လမ်းညွှန်ချက် နှင့်အညီ တစ်မြို့နယ် (၁၀)ဧက စံပြကွက် စိုက်ပျိုးပြသခြင်းကို ထားဝယ်ခရိုင် လောင်းလုံမြို့နယ် သာယာကုန်း ကျေးရွာ ကွင်းအမှတ်(၈၁) တောင်သူ ဦးနေဝင်းပါ (၃)ဦး၏ လယ်မြေ (၁၀)ဧကပေါ်တွင် မိုးစပါး သိပ္ပံနည်းကျ စိုက်နည်းစနစ် (GPA)ဖြင့် စိုက်ပျိုးရန် လုပ်ငန်းအား စံပြအဖြစ် ပြုလုပ် ပြသခဲ့ပါသည်။ ယင်းမျိုးစေ့ချပွဲ ပြုလုပ်ရာတွင် တနင်္သာရီတိုင်း ဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီး ဦးစီးမှူးနှင့် ထားဝယ်ခရိုင် ဦးစီးမှူးတို့မှ သိပ္ပံနည်းကျ စိုက်နည်းစနစ် (GPA)ဖြင့် ပျိုးထောင်နည်း စနစ်ကို ရှင်းလင်းပြသပြီး မြို့နယ်ဦးစီးမှူးနှင့် တိုင်း၊ ခရိုင်၊ မြို့နယ် ဝန်ထမ်းများမှ စနစ်တကျ ပျိုးဘောင် ပြုလုပ်ခြင်း၊ မျိုးစေ့ချခြင်းကို လက်တွေ့ ပြုလုပ်ပြသ ခဲ့ပါသည်။ ယင်းမျိုးစေ့ချပွဲသို့ သာယာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူ(၅၀)ဦးခန့် လာရောက် လေ့လာပြီး လက်တွေ့ ဘောင်ဆွဲခြင်း၊ မျိုးစေ့ချခြင်းကို တပျော်တပါး ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။


No comments:

Post a Comment