လယ်ယာစိုက်ပျိုးရေးနှင့်
ဆည်မြောင်း ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်သည် ဒီကနေ့ နံနက်ပိုင်းတွင်
ပြည်နယ်နှင့် တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေး ဝန်ကြီးများ၊ တာဝန်ရှိသူများ
နှင့်အတူ နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေး ကားလမ်းဟောင်း
အနီးရှိ (Great Wall)ကုမ္ပဏီနှင့် (Alliance
Stars)
ကုမ္ပဏီတို့ ပူးပေါင်း
ဆောင်ရွက်သည့် ပုလဲသွယ် စပ်မျိုးစပါး (GW - 1) မျိုး (F- 1) မျိုးစေ့သိုလှောင်ရုံသို့ ရောက်ရှိ
လေ့လာကြသည်။ ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် (Alliance
Stars)
ကုမ္ပဏီ၏ ခေတ်မီ လယ်ယာသုံး
စက်ကိရိယာ သိုလှောင်ရုံသို့ ရောက်ရှိပြီး ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ
ထုတ်လုပ်သော ခေတ်မီ ရိတ်သိမ်း ခြွေလှေ့စက်ကြီးများ၊ ခေတ်မီ လယ်ထွန်စက်ကြီးများနှင့်
ဘက်စုံသုံး လက်တွန်း ထွန်စက်ကြီးများကို လေ့လာကြည့်ရှု ခဲ့ကြပါသည်။
No comments:
Post a Comment