Saturday, August 30, 2014

နေပြည်တော်တွင် ဟိုတယ်ပေါင်း ၆၀ကျော်အထိ ရှိလာတော့မည်

နိုင်ငံတော်ဧည့်ဂေဟာအတွင်းက ဟိုတယ်တွေ ပြီးသွားရင်တော့ နေပြည်တော်မှာတည်ဆောက်နေသည့် ဟိုတယ်အလုံး ပေါင်း ၆၀ကျော်ရှိလာတော့မှာဖြစ်ကြောင်း  ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်ကပြောပါ သည်။ ယခုချိန်မှာတော့ နေပြည်တော်မှာရှိနေသည့် ဟိုတယ်ပေါင်းက ၅၃ လုံးဖြစ်ပြီး အခန်းပေါင်း လေးထောင်ကျော် ပါဝင်ပါသည်။ နိုင်ငံတော်ဧည့်ဂေဟာအတွင်းကတည်ဆောက်ဆဲ ဟိုတယ်တွေပြီးသွားရင်တော့ အခန်းပေါင်း ၁၈၀၀ကျော်တိုးလာမှာဖြစ်ပါသည်။ နိုင်ငံတော်ဧည့်ဂေဟာအတွင်းမှာ ဟိုတယ် ၁၀လုံးတည်ဆောက်နေပြီး ဒီနှစ်ကုန်မှာ ကျင်းပရန်ရှိနေသည့် ဒုတိယအကြိမ် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲအမီ အပြီးဆောက်လုပ်သွားရန် တိုက်တွန်းထား တယ်လို့လည်း ၀န်ကြီးကပြောကြားပါသည်။ 

No comments:

Post a Comment