Monday, September 1, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ (၆၉)နှစ်မြောက် အမျိုးသားနေ့ သ၀ဏ်လွှာပေးပို့

၂၀၁၄ခုနှစ်၊ စက်တင်ဘာလ(၂)ရက်တွင် ကျရောက်သော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သမ္မတ  မစ္စတာ ကျုံးသန်စန်းထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့သည်။ အလားတူ ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ(၂)ရက်တွင် ကျရောက်သော ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ၏ (၆၉)နှစ်မြောက် အမျိုးသားနေ့အခါသမယတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံမှ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ ငုယင်တန်ဇွန်းထံသို့ ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာပေးပို့သည်။

No comments:

Post a Comment