ပထမအကြိမ်
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် နဝမပုံမှန် အစည်းအဝေး (သတ္တမနေ့)ကို စက်တင်ဘာလ (၂)ရက်နေ့
နံနက် (၁၀)နာရီက တိုင်းဒေသကြီး လွှတ်တော် ရုံးခန်းမမှာ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြင့်ဆေ၊ွ လွှတ်တော် ဥက္ကဋ္ဌဦးစိန်တင်ဝင်းနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့
ကြပါတယ်။ အစည်းအဝေးမှာ မေးခွန်း(၁၀)ခုကို ဖြေကြားခြင်း၊ ၂၀၁၃ခုနှစ် ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ဆွေးနွေးခြင်း၊ အကြံပြုခြင်း၊ ပြန်လည်ရှင်းလင်းခြင်းနဲ့
လွှတ်တော် အဆုံးအဖြတ် ရယူပြီး ဥပဒေကြမ်းအား အတည်ပြုခြင်း၊ တိုင်းဒေသကြီး လွှတ်တော်သို့
တင်သွင်းခဲ့သော အဆို(၁)ရပ်အား လွှတ်တော်တွင် ဆွေးနွေးခြင်း၊ ရှင်းလင်းခြင်း၊ လွှတ်တော်၏
သဘောဆန္ဒရယူပြီး အဆိုအား မှတ်တမ်းတင်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
No comments:
Post a Comment