ဂီတကို နှစ်သက်ခဲ့သူ
သီချင်းချစ်သူတွေ အနေနှင့် အချိန်တွေ ပြောင်းလဲခဲ့ပေမဲ့လဲ အမြဲလို အမှတ်ရနေကြ တာကတော့
ကက်ဆက်တိတ်ခွေ များပဲဖြစ်ပါသည်။ အမေရိကန်နိုင်ငံ နယူးယောက်ခ်မြို့မှာ ဒုတိယ အကြိမ်မြောက်
ကက်ဆက်ခွေနေ့ကို စက်တင်ဘာလ (၂၇)ရက်နေ့က ကျင်းပခဲ့ပြီး၊ ဗြိတိန်မှာလည်း ကျင်းပကြောင်းနဲ့
ဘရွတ်ကလင်ရှိ ရောက်ဂ်ထရိတ်စတိုးမှာ ဟိုးယခင်က ထုတ်လုပ်ခဲ့သည့် ကက်ဆက်တွေ ပုံစံအတိုင်း
ပြသရောင်းချခဲ့လို့ စိတ်ပါဝင်စား သူများနှင့် စည်ကားခဲ့ပါသည်။ ကက်ဆက်ခွေများကို နောက်ဆုံးထွက်ရှိတဲ့
သီချင်းခွေများ အဖြစ်လည်း ရရှိနိုင်ပါသည်။ (ကလက်ဆစ် အယ်လ်ဘမ်များနဲ့ ထိတွေ့ကိုင်တွယ်
လို့ရတဲ့ ကက်ဆက်ခွေများက ဟိုးယခင်က နေ့ရက်များလို ခံစားမှုမျိုးကို ပေးကြောင်း) ပွဲတော်လာသူများက
ပြောကြားခဲ့ကြ တယ်လို့ သိရှိရပါသည်။
No comments:
Post a Comment