(၈)ကြိမ်မြောက်
မြန်မာ-ဘင်္ဂလာဒေ့ရှ် မူဝါဒရေးရာ ညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ(၃၁)ရက်တွင် ဘင်္ဂလားဒေ့ရှ်
ပြည်သူ့သမ္မတနိုင်ငံ ဒါကာမြို့၌ ကျင်းပရာ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ကျော်
ဦးဆောင်သည့် မြန်မာကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပါတယ်။ ညှိနှိုင်း အစည်းအဝေးတွင် လူဝင်မှုကိစ္စများ၊
နယ်စပ်ရေးရာ လုံခြုံရေးကိစ္စများ စွမ်းအင်ကဏ္ဍ ကုန်သွယ်ရေးနှင့် ခရီးသွားလာရေး စိုက်ပျိုးရေး
မွေးမြူရေးနှင့် ရေလုပ်ငန်း ကာကွယ်ရေး ကဏ္ဍများတွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ရေးတို့ကို
ဆွေးနွေးခဲ့ကြပါတယ်။ ဩဂုတ်လ(၃၁)ရက် အစည်းအဝေး အပြီးတွင် ဒုတိယဝန်ကြီး ဦးသန့်ကျော်သည်
ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး (မစ္စတာ အဘူလ်
ဟာဆန် မာမွတ် အလီယန်ပီ) နှင့် ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး (မစ္စတာ အပ်ဇာဒက်ဇာမန်
ခန်အန်ပီ) တို့ကိုလည်းကောင်း၊ စက်တင်ဘာလ (၁)ရက်နေ့တွင် စွမ်းအား၊ စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ
ဆိုင်ရာ ဝန်ကြီးချုပ်၏ အကြံပေးပုဂ္ဂိုလ် (ဒေါက်တာ တိုဖစ် အီး အီလာဟီ ချိုဟာရီ) ကိုလည်းကောင်း၊
တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စများ
ဆွေးနွေးခဲ့ကြောင်း သိရပါသည်။
No comments:
Post a Comment