Monday, September 1, 2014

တနင်္သာရီ တိုင်းဒေသကြီး ၂၀၁၅-၂၀၁၄ခု၊ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် အခြေခံပညာ ကျောင်းများ အသစ်ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနား




တနင်္သာရီ တိုင်းဒေသကြီး ၂၀၁၅-၂၀၁၄ခု၊ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူကြီးကြပ် ဆောက်လုပ်မည့် အခြေခံပညာ ကျောင်းများ အသစ်ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ(၁)ရက် နံနက်(၉)နာရီတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပရာ အိတ်ဖွင့်တင်ဒါ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် အိတ်ဖွင့်တင်ဒါ စိစစ်ရေး ကော်မတီ တွဲဖက် အတွင်းရေးမှူးက အိတ်ဖွင့်တင်ဒါ စည်ကမ်းချက်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသော ကုမ္ပဏီများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေး ခဲ့ပါသည်။ ဆက်လက်၍ တက်ရောက်လာသော ကုမ္ပဏီများက ကျောင်းအလိုက် အိတ်ဖွင့်တင်ဒါ ဈေးနှုန်းလွှာများ ယှဉ်ပြိုင်ပါသည်။ တနင်္သာရီတိုင်း ဒေသကြီး ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြု ရန်ပုံငွေဖြင့် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ယူကြီးကြပ် ဆောက်လုပ်မည့် (ထားဝယ်/မြိတ်/ ကော့သောင်း) ခရိုင်အတွင်းရှိ အခြေခံပညာကျောင်းများ အသစ်ဆောက်လုပ်ရန် အတွက် ကျောင်း(၄၄) ကျောင်းကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်လျှက်ရှိရာ ကုမ္ပဏီ(၉၇)ခုက ပါဝင်ယှဉ်ပြိုင် လျှက်ရှိကြောင်း သိရှိရပါသည်။

No comments:

Post a Comment