ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း၏ ဒုတိယအကြိမ် အမှုထမ်းများ
စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းကို စက်တင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက အင်းစိန်မြို့နယ်
ကြို့ကုန်းရှိ မြန်မာ့သစ်လုပ်ငန်း (ရုံးချုပ်) တော်ဝင်ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ မြန်မာ့သစ်လုပ်ငန်း
အထွေထွေမန်နေဂျာ (ပြည်ပရောင်း)က အဖွင့်အမှာစကား ပြောကြားပါသည်။ မြန်မာ့သစ်လုပ်ငန်း
အမှုထမ်းများ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း များကို ရန်ကုန်(ရုံးချုပ်) လေ့ကျင့်ရေး
သင်တန်းကျောင်း (နန်ချွန်)နှင့် လေ့ကျင့်ရေး သင်တန်းကျောင်း (နေပြည်တော်)တို့တွင် တစ်ပြိုင်နက်တည်း
ဖွင့်လှစ်ခဲ့ကြောင်းနဲ့ ယခုဖွင့်လှစ်သည့် ဒုတိယအကြိမ် သင်တန်းများတွင် မြန်မာ့သစ်လုပ်ငန်း
လက်အောက်ရှိ ဌာနအသီးသီးမှ အမှုထမ်း(၇၀) တက်ရောက်ကြပါတယ်။
No comments:
Post a Comment