Tuesday, September 2, 2014

ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့် ရန်ကုန်အလုပ်သမားဆေးရုံကြီး ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများအား ကြည်ရှုစစ်ဆေး

အလုပ်သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်သည် ဩဂုတ်လ (၃၁)ရက်နေ့တွင် တာဝန်ရှိသူများလိုက်ပါပြီး ရန်ကုန်အလုပ်သမားဆေးရုံကြီးအား ဆေးရုံအင်္ဂါရပ်နှင့်ညီညွတ်အောင် ပြုပြင်မွမ်းမံဆောင်ရွက်နေမှုများအား ကြည်ရှုစစ်ဆေးပါသည်။ ပြည်ထောင်စုဝန်ကြီးမှ လေဝင်လေထွက်ကောင်းမွန်ရေး၊ ဆေးရုံအင်္ဂါရပ်နှင့်အညီ ပိုးမွှားအန္တရာယ်ကင်းရှင်းရေးနှင့် ဆေးရုံလာရောက်ကုသသည့် လူနာများအား ကောင်းမွန်သည့် ကျန်းမာရေးဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန်လိုကြောင်း ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။ အဲဒီနောက် ပြည်ထောင်စုဝန်ကြီးသည် ဆေးရုံတက်ရောက် ကုသနေသည့် လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အလုပ်သမားများရဲ့ ကျန်းမာရေးဝန်ဆောင်မှုများကို အထူးအလေးအနက်ထား ဆောင်ရွက်နေပါကြောင်း၊ အလုပ်သမားများ အဓိကအားထားနေရသည့် ရန်ကုန်အလုပ်သမားဆေးရုံကြီးအား ဆေးရုံအင်္ဂါရပ်နှင့် ညီညွတ်အောင်အမြန်ဆုံး ပြုပြင်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment