တနင်္သာရီ တိုင်းဒေသကြီး
ထားဝယ်ခရိုင် သရက်ချောင်း မြို့နယ်တွင် ဩဂုတ်လ (၃၁)ရက်နေ့ နံနက် (၁၀) နာရီအချိန်၌ ထားဝယ်ခရိုင်
လူဝင်မှု ကြီးကြပ်ရေးနဲ့ အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးယဉ်ထွေး
မြို့နယ် ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ NRC အဖွဲ့မှ တာဝန်ရှိသူများသည် သရက်ချောင်းမြို့နယ်
ကနက်သီရိ ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသား လုပ်ငန်း အသိပညာပေးနှင့် ပတ်သက်၍ ဟောပြောခဲ့ပါတယ်။
ဆက်လက်၍ မိုးပွင့် စီမံချက် အဆင့် (၆)အရ နိုင်ငံသား စိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်းနှင့်
ပက်သက်၍ လည်းကောင်း အိမ်ထောင်စု လူဦးရေစာရင်း ပြောင်းဝင်၊ ပြောင်းထွက်ခြင်းနှင့် ပက်သက်၍
လည်းကောင်း မွေးဖွား ကလေး အိမ်ထောင်စု စာရင်းသွင်းခြင်း/ သေဆုံး ပယ်ဖြတ်ခြင်းနှင့်
ပတ်သက်၍ လည်းကောင်း အခမဲ့ ပြုလုပ် ပေးရန်အတွက် အသိပညာပေး ဟောပြောရာ ဒေသခံ ကျေးရွာပြည်သူ
(၂၅၀)ဦးခန့် တက်ရောက်ကြောင်း သိရပါသည်။
No comments:
Post a Comment