Thursday, October 2, 2014

ရေလွှာလျောစီးသမားတစ်ဦးသည် ငါးမန်းတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရ

ရေလွှာလျောစီး သမားတစ်ဦးသည် (၂-၁၀-၁၄) ရက်နေ့ ဩစတြေးလျ ကမ်းခြေကိုလွန်ပြီး ရောက်ရှိသွားချိန်မှာ ငါးမန်းတစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး လက်တစ်ဖက် ဆုံးရှုံးခဲ့ရကာ အခြားလက် တစ်ဖက်မှာလည်း ဒဏ်ရာများ ရခဲ့ကြောင်း သိရပါသည်။ ဒါ့အပြင် ခြေထောက် များမှာလည်း ငါးမန်းကိုက် ခံခဲ့ရခြင်းကြောင့် ဆေးကုသမှု ခံယူရန် ဆေးရုံသို့ ပို့ပေးခဲ့ပါသည်။ အာဏာပိုင်များသည် အဆိုပါဧရိယာမှာ ငါးမန်းတိုက်ခိုက် ခံရမှုဖြစ်ပွါး ပြီးနောက် ငါးမန်းများအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ဝီလီပင်လယ်အော်ရှိ ကမ်းခြေများ အားလုံးကိုလည်း ယာယီပိတ်ထား ခဲ့သည်ဟု သိရှိရပါသည်။


No comments:

Post a Comment