Thursday, October 2, 2014

တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒို၏ အကြောင်း

ရီးရဲလ် မက်ဒရစ်ဟု ပြောလိုက်ရင် ဘောလုံး ပရိသတ်များ ပြေးမြင်မိမှာက တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်လ်ဒိုပဲ ဖြစ်ပါသည်။ ရော်နယ်ဒို၏ ငယ်ဘဝ၊ လူငယ်ကစား သမားဘဝကနေ ကမ္ဘာ့အကောင်းဆုံး ကစားသမားဘဝ အဆင့်ဆင့် ဖြတ်သန်းခဲ့ရ ပုံများကို တင်ပြပေးမှာ ဖြစ်ပါသည်။ ခရစ်စတီယာနို ရော်နယ်ဒိုကို (၁၉၈၅) ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့က ပေါ်တူဂီမှာ မွေးဖွားပြီး လက်ရှိမှာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်နှင့် ပေါ်တူဂီလက်ရွေးစင် အသင်း အသင်းခေါင်းဆောင်အဖြစ် ကစားလျှက်ရှိပါသည်။ (၂၀၀၉) တုန်းက မန်ယူမှ ရီးရဲလ်သို့ ပြောင်းစဉ်မှာ ကမ္ဘာ့ပြောင်းရွှေ့ကြေးအမြင့်ဆုံး စံချိန်တင်ခဲ့ပြီး ပေါင်သန်း (၈၀) ဖြစ်ပါသည်။ အခွန်ဆောင်ပြီးရင်တောင်မှ တစ်နှစ်ကို ယူရို (၂၁) သန်းထိ ရရှိနေပါသည်။ အန်ဒိုရင်သည် အသင်းလေးမှာ လူငယ်ဘဝ နှစ်နှစ်ကစားခဲ့ပြီးနောက် စီဒီနေစီယွန်နယ်ကိုပြောင်း၊ (၁၉၉၇) မှာ စပို့တင်း စီပီကိုရောက်၊ (၂၀၀၃) မှာ မန်ယူ အသင်းကို ရောက်ပြီး ပိုမိုအောင်မြင် လူသိများလာခဲ့ပါသည်။ နှစ်နှစ်ဆက်တိုက် တစ်ရာသီသွင်းဂွင်းသည် ဂိုးပေါင်း (၄၀) အထိ သွင်းနိုင်ခဲ့သည့် ဥရောပ ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါသည်။ အသက် (၂၈) နှစ် အရွယ်တွင် ကလပ်နှင့် နိုင်ငံအသင်းအတွက် သွင်းဂိုး စုစုပေါင်းသည် ဂိုးပေါင်း (၄၀၀) ပြည့် မြောက်ခဲ့ပါသည်။ ပေါ်တူဂီ အသင်းကြီးတွင် အသက် (၁၈) နှစ် အရွယ် (၂၀၀၃) ခုနှစ်ကစတင် ပွဲထွက်ကစားခွင့်ရခဲ့ပြီး ၂၀၀၄၊ ၂၀၀၈နှင့် ၂၀၁၂ ဥရောပဖလား ပြိုင်ပွဲများ၊ ၂၀၀၆၊ ၂၀၁၀ နှင့် ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲများကို ဝင်ရောက်ယှဉ်ပြိုင်ပြီးဖြစ်သလို နိုင်ငံအသင်းအတွက် ဂိုးပေါင်း (၅၀) သွင်းပေးသည့် ပထမဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါသည်။ ပထမဆုံး နိုင်ငံတကာ သွင်းဂိုးကို ယူရို (၂၀၀၄) ဂရိနှင့်ပွဲတွင် စသွင်း ယူခဲ့ပါသည်။ ပေါ်တူဂီ၊ ဆန်တို အန်တိုနီယိုဇာတိဖြစ်ပြီး အငယ်ဆုံးသားလည်း ဖြစ်ကာ အဖေအမေက ဟင်းချက် သန့်ရှင်းရေး လုပ်သားများဘဝ အသက်မွေးပြီး သူ့ကို ပြုစုပျိုးထောင်ခဲ့ခြင်း ဖြစ်ပါသည်။

No comments:

Post a Comment