ပထမအကြိမ် ပြည်သူ့လွှတ်တော်
၁၁ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို နိုဝင်ဘာလ ၂၈ရက် နံနက် ၁၀နာရီတွင်
ကျင်းပရာ အမျိုးသမီး သက်ကြီးရွယ်အို မသန်စွမ်းသူ မူးယစ်ဆေးဖြတ်ပြီးသူများကို စောင့်ရှောက်သည့်
လုပ်ငန်းတွင် အောက်ခြေအတွင့်အထိ မည်သို့စောင့်ရှောက်မည်ကို သိရှိလိုကြောင်း၊ လယ်ယာမြေများ၊
မှတ်ပုံတင်ခွင့် အခြေအနေ၊ မှတ်ပုံတင်ပြီး လယ်ယာမြေများအား တရားဝင် ရောင်းချပေါင်နှံငှားရမ်းပေးကမ်းခွင့်များ
မည်သည့်အချိန်တွင် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုကြောင်း စသည်ဖြင့် မေးမြန်းခဲ့ကြရာ
သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများက ပြန်လည်ဖြေကြားခဲ့ကြပါသည်။
No comments:
Post a Comment