အာဖဂန်နစ္စတန်နိုင်ငံ
ကဘူးလ်မြို့တွင် ပြီးခဲ့သည့် ကြာသာပတေးနေ့ မနက်ကပိုင်းက ကားဗုံးဖောက်ခွဲသူသည် ကားအများအပြားအား
တိုက်ခိုက်မှုပြုခဲ့ပြီးနောက် ညပိုင်းမှာ တာလီဘန် လက်နက်ကိုင်များသည် နိုင်ငံခြားအဖွဲ့အစည်းများနှင့်
အာဖဂန်တပ်ဖွဲ့အရာရှိများကို ပစ်မှတ်ထားသည့် အသေခံဗုံးဖောက်ခွဲမှုများ ဖြစ်ပွားခဲ့ပါသည်။
ပထမအသေခံဗုံးဖောက်ခွဲမှုသည် ဝါဇီအက်ဘာခမ်း သံရုံးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် တာလီဘန်တို့ကြား
အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ည(၇)နာရီ (၃၀)ခန့်မှာ အန်-ဂျီ-အိုရုံး၏အပြင်ဘက်မှာ
ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါသည်။ ငါးနာရီကြာ ပြင်းထန်သည့်အပြန်အလှန် ပစ်ခတ်မှုတွင် အသေခံဗုံးခွဲသမား
သုံးဦးသေဆုံးခဲ့ကြောင်း ကဘူးလ်၏တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရပါသည်။
No comments:
Post a Comment