Saturday, November 1, 2014

အိုင်အက်စ် လက်နက်ကိုင်များကို တိုက်ခိုက်ရန် ကိုဘာနီနယ်စပ်တစ်လျှောက် ဝန်းရံစောင့်ကြည့်လျက်ရှိ

အီရတ်လူမျိုး ကာ့ဒ်တပ်ဖွဲ့များသည် ကာ့ဒ်၏ အဓိကမြို့ကို ဝိုင်းရံထားသည့် အိုင်အက်စ် လက်နက်ကိုင်များကို ပြန်လည်တိုက်ခိုက်မှုမှာ ကူညီရန် နေရာပြောင်းရွေ့ခဲ့ပြီးနောက် တူရကီရှိ စောင့်ကြည့်သူများက နိုဝင်ဘာလ(၁)ရက်နေ့ မနက်က ဆီးရီးယားနိုင်ငံ ကိုဘာနီနယ်စပ်တစ်လျှောက် ဝန်းရံစောင့်ကြည့်လျက်ရှိကြောင်း သိရပါသည်။ ကာ့ဒ်တပ်ဖွဲ့များသည် ရက်ပေါင်းလေးဆယ်ကျော်ကြာ ဝန်းရံထားသည့် ကိုဘာနီ နယ်စပ်မှ (၈)ကီလိုမီတာ ပတ်ဝန်းကျင်မှ သံချပ်ကာ ကားများဝန်းရံထားသည့် ထရပ်ကားများနှင့် ဂျစ်ကားများကို မနေ့က စတင်ပြီး ပြောင်းရွေ့ခဲ့ကြတာ ဖြစ်ပါသည်။ ကိုဘာနီမြို့ဟာ အီရတ်နှင့် ဆီးရီးယားမြိ့များကို သိမ်းပိုက်ထားသည့် ဆွန်နီလက်နက်ကိုင်များကို ဆန့်ကျင်တိုက်ခိုက်ရာမှာ အင်အားကြီးမားသည့် နိုင်ငံတကာ ပြယုဂ်တစ်ရပ် ဖြစ်လာခဲ့ကြောင်း သိရှိရပါသည်။



No comments:

Post a Comment