တရုတ်နိုင်ငံသည်
(၂၀၂၂)ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရန်
ပြိုင်ဆိုင်မှု အစိတ်အပိုင်းအဖြစ် ကြေညာဗီဒီယိုတစ်ခုကို နိုဝင်ဘာလ(၁)ရက်နေ့က ထုတ်ဖော်ပြသခဲ့ကြောင်း
သိရပါသည်။ (၂၀၂၂)ခုနှစ် ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်
ရရန် ကြိုးပမ်းချက်များကို အခုလ အစောပိုင်းမှ ပြည်တွင်းနှင့်ပြည်ပ မီဒီယာများမှ တစ်ဆင့်
စတင် ကြေငြာနိုင်ကြောင်း နိုင်ငံတကာအိုလံပစ် ကော်မတီ အိုင်အိုစီ၏ ဥပဒေများအရ သိရပါသည်။
တရုတ်နိုင်ငံက ကြေငြာထုတ်ဖော်ပြသသည့် ဗီဒီယိုမှာ ၄င်းနေ့မှာပင် ဘေဂျင်း(၂၀၂၂)ခုနှစ်
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ လေလံကော်မတီကလည်း တွစ်တာနှင့်ဖေ့စ်ဘွတ်မှာ တရားဝင် အကောင့်များဖွင့်လှစ်ခဲ့ကြောင်း
ပြသထားပါသည်။ ကြေငြာများစွာကို ကော်မတီ၏ တရားဝင် ဝက်ဘ်ဆိုဒ်မှာ နောက်ပိုင်းမှာ ထုတ်ဖော်ပြသသွားမှာ
ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ပြိုင်ဆိုင်မှုကို ဘေဂျင်းနှင့် ကျန်းကျားခိုက ပူးပေါင်းပြုလုပ်တာ
ဖြစ်ပြီး တရုတ်နိုင်ငံ မြောက်ပိုင်း ဟီဘေးပြည်နယ်ရှိ မြို့တစ်မြို့ကို (၂၀၂၂)ခုနှစ်
ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့်ရရန် အဆိုတင်သွင်းရန် ဂျူလိုင်လမှာ အတည်ပြုခဲ့ကြတာ
ဖြစ်ပါသည်။ တရုတ်နိုင်ငံဟာ ပြီးခဲ့သည့်လများက ယှဉ်ပြိုင်မှုမှ ထွက်ခွာသွားခဲ့ရသည့် ပါဝင်ယှဉ်ပြိုင်သူ
လေးနိုင်ငံဖြစ်သည့် နော်ဝေနိုင်ငံ၏ အော်စလို ဆွီဒင်နိုင်ငံ၏ စတော့ဟိုးလ်မ်း ပိုလန်၏
ကာကာခိုနှင့် ယူကရိန်း၏ လိဗ်မြို့များနှင့် ယှဉ်ပြိုင်ခဲ့ပြီးနောက် ယခုအခါမှာတော့ ကာဇက်စတန်၏
အယ်လ်မာတီနှင့် ထိပ်တိုက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါသည်။ အနိုင်ရရှိသည့် နိုင်ငံကို မလေးရှားနိုင်ငံ
ကွာလာလမ်ပူမှာ (၂၀၁၅)ခုနှစ် ဇူလိုင်လ(၃၁)ရက်မှာ ကြေညာသွားမှာ ဖြစ်ကြောင်း သိရှိရပါသည်။
No comments:
Post a Comment