Friday, November 28, 2014

ဥရောပသမဂ္ဂ၏ ငွေကြေးအကူအညီ

ဥရောပသမဂ္ဂ (အီးယူ)က မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် တခြားဖွံ့ဖြိုးရေးကဏ္ဍများအတွက် နှစ်စဉ် ယူရိုသန်း (၂၅၀)ကို ၂၀၁၆ ခုနှစ်အထိ ပံ့ပိုးပေးသွားမည့်အကြောင်း သူတို့၏ ထုတ်ပြန်ချက်တစ်ရပ်မှာဖော်ပြထားပါသည်။ ကျေးလက် ဒေသဖွံ့ဖြိုးရေး၊ ကုန်သွယ်ရေး၊ ငြိမ်းချမ်းရေးဖော်ဆောင်ရေးနှင့် ကျန်းမာရေးစသည့် ကဏ္ဍအများအပြားမှာ ပံ့ပိုးပေးသွား မည်ဖြစ်ပါသည်။ ဥရောပသမဂ္ဂအနေနှင့် မြန်မာနိုင်ငံက ကမ္ဘာပေါ်တွင် သူတို့အဖွဲ့အစည်းမှ ကူညီထောက်ပံ့မှု အများဆုံး ပေးထားသည့်နိုင်ငံဖြစ်ပြီး ဒါကသူတို့ဆောင်ရွက်နေသည့် မူဝါဒကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်သည့်အကြောင်းအီးယူ၏ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကပြောကြောင်း သိရပါသည်။ 

No comments:

Post a Comment