အသေးစားနှင့် အလတ်စားလုပ်ငန်းများကို
ငွေကြေးအရင်းအနှီးထောက်ပံ့ပေးရန်အတွက် စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံများ မှအမေရိကန်ဒေါ်လာသန်းငါးဆယ်ကိုအရင်ကထက်
အတိုးနှုန်းလျှော့ချမည်ဖြစ်ကြောင်း အသေးစား၊ အလတ်စား စက်မှု လုပ်ငန်း ဗဟိုအဖွဲ့ချုပ်၏
တာဝန်ရှိသူတစ်ယောက်က ပြောပါသည်။ လက်ရှိချေးငွေထုတ်ပေးသည့်နေရာတွင် အတိုးနှုန်း ၈ ဒသမ
၅ ရာခိုင်နှုန်းဖြစ်ပြီး စင်္ကာပူနှင့် ဗီယက်နမ်နိုင်ငံမှရသည့် ချေးငွေ အမေရိကန်ဒေါ်လာသန်း
(၅၀) ထဲမှအတိုးနှုန်း ၄ ရာခိုင်နှုန်းအထိလျှော့ချပေးသွားမည်ဖြစ်ပါသည်။ ထိုအစီအစဉ်အတွက်
လာမည့် ၂၀၁၅ ဧပြီလဆန်းပိုင်းမှ စတင် ထုတ်ချေး ပေးသွားမည်ဖြစ်ပါသည်။ ယခုဘဏ္ဍာနှစ်မှာ အသေးစားနှင့်
အလတ်စားစက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်မှ လုပ်ငန်းရှင်များကို ချေးငွေကျပ် ဘီလီယံ (၂၀)
ထုတ်ချေးထားကြောင်း သိရပါသည်။
No comments:
Post a Comment