Friday, November 28, 2014

တနင်္သာရီမြို့အ၀င် တံတားအထူး-၃တွင် CCTV တပ်ဆင်ထားရှိ




တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်၏ အစီအစဉ်ဖြင့် တနင်္သာရီမြို့ တံတားရဲကင်းစခန်းနေရာတွင် ယာဉ်မတော်တဆဖြစ်ပွားမှု လျော့နဲစေရန် မှုခင်းဖြစ်ပွားမှု လျော့နဲပပျောက်စေရန်နှင့် နေ့စဉ်ယာဉ်ဖြတ်သန်းသွားလာမှု မှတ်တမ်းရယူ ထိန်းသိမ်းထားရှိနိုင်စေရန်ရည်ရွယ်၍ မြိတ်မြို့မှ တနင်္သာရီ-မော့တောင်-ဘုတ်ပြင်းမြို့-ကော့သောင်းမြို့ ခရီးစဉ်ကိုလည်းကောင်း၊ ကော့သောင်းမြို့- ဘုတ်ပြင်းမြို့-တနင်္သာရီမြို့- မြိတ်ခရီးစဉ်ကိုလည်းကောင်း နေ့စဉ်တနင်္သာရီမြို့ တံတားအထူး-၃မှ ဖြတ်သန်းသွားလာမှု မှတ်တမ်းများ ရယူထိန်းသိမ်းထားရှိနိုင်စေရန်အတွက် H-264 DVR Digital Video Recorder CCTV ကင်မရာကို နိုဝင်ဘာလ ၂၆ရက်နေ့မှ စတင်ပြီး တပ်ဆင်ထားကြောင်း သိရှိရပါသည်။

No comments:

Post a Comment