Sunday, November 2, 2014

HIV/AIDS နှင့် ပတ်သက်သော ကာကွယ်ကုသမှုဆိုင်ရာ နှိုးဆော်ချက်



ခန့်မှန်းတွက်ချက်မှုများအရ ကမ္ဘာပေါ်တွင် HIVရောဂါပိုး သယ်ဆောင်ထားသူများသည် ၂၀၁၂ခုနှစ်အကုန်တွင် (၃.၅)သန်းရှိပါသည်။ HIVရောဂါပိုးအသစ်ကူးစက်ခံရသူများမှာ (၂.၃)သန်းရှိပြီး (၁.၆)သန်းသည် AIDSရောဂါဖြင့် သေဆုံးခဲ့ပါသည်။ HIV/AIDSရောဂါသည် လိင်တူလိင်ကွဲဆက်ဆံခြင်း၊ မူးယစ်ဆေးဝါးအကြောထဲထိုးသွင်းခြင်းနှင့် ဆေးထိုးအပ်/ဆေးထိုးပြွန်မျှဝေသုံးစွဲခြင်း၊ မသန့်ရှင်းသောသွေးနှင့် သွေးပစ္စည်းများကို သွင်းမိခြင်းတို့ကြောင့် ကူးစက်နိုင်ပါသည်။ HIVရောဂါပိုး ကူးစက်ခံရပြီးနောက် အများစုတွင် (၅)နှစ်မှ (၁၀)နှစ်ခန့်အထိ ကြာပြီးမှသာ ရောဂါလက္ခဏာ စတင်ပေါ်ပေါက်တတ်ပါသည်။ HIVပိုး ကူးစက်ခံရမှု ရှိ/မရှိကို ရောဂါပိုးကူးစက်ခံရပြီးနောက် (၃)လမှ (၆)လခန့် ကြာမြင့်ပြီးသည့်အခါမှသာ သွေးစစ်ဆေးခြင်းဖြင့် အဓိကသိရှိနိုင်ပါသည်။ AIDSအဓိက ရောဂါလက္ခဏာများတွင် တစ်လထက်ပို၍ ဖျားနေခြင်း၊ ၁၀%နှုန်းထက်ပို၍ ကိုယ်အလေးချိန်ကျဆင်းခြင်း၊ တစ်လထက်ပို၍ ၀မ်းလျော၊ ၀မ်းပျက်ဖြစ်နေခြင်းတို့ပါဝင်ပြီး သာမန်လက္ခဏာများထဲတွင် ခန္ဓာကိုယ်အကျိတ်များကြီးထွားလာခြင်း၊ ဆင်ရေယုန်ကဲ့သို့ ပြင်းထန်ရေယုန်ဖြစ်ပွားခြင်း၊ အသက်ရှူလမ်းကြောင်းများဆိုင်ရာ ရောဂါပိုးဝင်၍ မကြာခဏရောဂါဖြစ်ပွားခြင်း၊ တစ်ကိုယ်လုံးတွင် ယားယံ၍ အင်ပျဉ်ထွက်ခြင်း၊ ပါးစပ်နှင့်အစာမျိုလမ်းကြောင်းတစ်လျှောက် မှတ်ခရုဖြစ်ပွားခြင်း၊ အဆုတ်တီဘီရောဂါနှင့် ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်ပွားခြင်း တို့ပါဝင်ပါသည်။ HIVရောဂါပိုးမကူးစက်အောင် အဓိကကာကွယ်နိုင်သောနည်းလမ်းမှာ လိင်အပျော်အပါးလိုက်စားမှုကို ရှောင်ကြဉ်ခြင်း၊ မရှောင်ကြဉ်နိုင်ပါက ကွန်ဒုံးကိုစနစ်တကျအမြဲမှန်ကန်စွာသုံးစွဲခြင်းနှင့် မူးယစ်ဆေး အကြောထဲထိုးသွင်းသုံးစွဲခြင်းကို ရှောင်ကြဉ်ရန်လိုအပ်ပါသည်။ ပြည်သူလူထုအနေဖြင့် မူးယစ်ဆေး အကြောထဲထိုးသွင်းသုံးစွဲခြင်းကို ရှောင်ကြဉ်ရန်လိုပါသည်။ ပြည်သူလူထုအနေဖြင့် HIVရောဂါ ကူးစက်ခံရသည်ဟုသံသယရှိပါက နီးစပ်ရာ ဆေးရုံ/ဆေးခန်းများတွင် အခမဲ့ သွေးစစ်ဆေးမှုခံယူပြီး လိုအပ်သော ဆေးကုသမှုအခမဲ့ခံယူရန် လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ အသိပေးနှိုးထားပါသည်။


No comments:

Post a Comment