Monday, December 29, 2014

မြန်မာ့ရုပ်မြင်သံကြား၏ သတင်းနှင့်ဖျော်ဖြေရေးကဏ္ဍ ရုပ်သံလိုင်းကို ၂၀၁၅ ဇန်နဝန်ရီလ ၁ ရက်နေ့မှ စတင်ထုတ်လွှင့်တော့မည်

မြန်မာအသံနှင့် ရုပ်မြင်သံကြားအနေနဲ့ Analogue စနစ်ဖြင့် တစ်နိုင်ငံလုံးကို လွှမ်းခြုံနိုင်အောင် ထုတ်လွှင့်ပေးလျှက်ရှိပါသည်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှ DVB T2 ဟုခေါ်သည့် Digital စနစ်ကို စတင်ပြောင်းလဲပြီး Analogue စနစ်ရော၊ Digital စနစ်ပါ ပူးတွဲထုတ်လွှင့် လျက်ရှိပါသည်။ ယခုလက်ရှိ ထုတ်လွှင့်မှုမှာ မြန်မာ့ရုပ်မြင်သံကြား ပင်မအစီအစဉ်ကြီး သာမကဘဲ Myanmar International ၊ တိုင်းရင်းသား လူမျိုးများ ရုပ်သံလိုင်း၊ လွှတ်တော် ရုပ်သံလိုင်း၊ တောင်သူလယ်သမား ရုပ်သံလိုင်းနှင့် စာဖတ်သူများ ရုပ်သံလိုင်းများကို DVB T2 Top Box နှင့် ဖမ်းယူကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားပြီး ဖြစ်ပါသည်။ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လက်ရှိထုတ်လွှင့်နေသည့် ရုပ်သံလိုင်းများ အပြင် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်နေ့မှ စတင်ပြီး MRTV News Channel ဆိုပြီး Channel ၂ ခု ထပ်မံတိုးချဲ့ ထုတ်လွှင့်သွားမှာ ဖြစ်ပါသည်။ MRTV News Channelမှာ နေ့စဉ် ဖြစ်ပျက်နေသည့် သတင်းအကြောင်းအရာများနှင့် အပတ်စဉ် သတင်းနှင့် ဆက်စပ်သည့် အစီအစဉ်များ၊ ပြည်သူအတွက် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ ကဏ္ဍများ၊ ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေးနှင့် တည်ဆာက်ပြုပြင်ရေး အစရှိသည့် ကဏ္ဍများကို ထုတ်လွှင့်သွားမှာ  ဖြစ်ပါသည်။

No comments:

Post a Comment