Monday, December 1, 2014

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နော်ဝေနိုင်ငံ ဟာရယ်ဘုရင်အား ဂုဏ်ပြု အခမ်းအနားဖြင့် ကြိုဆို

မြန်မာနိုင်ငံသို့ရောက်ရှိနေသော နော်ဝေနိုင်ငံ ဟာရယ် ဘုရင်အား နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီဇင်ဘာလ(၁)ရက်နေ့ နံနက် ၁၁နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဥပစာမြက်ခင်းပြင်၌ ဂုဏ်ပြု အခမ်း အနားဖြင့် ကြိုဆိုသည်။ ထို့နောက် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် နော်ဝေနိုင်ငံဘုရင်နှင့် မိဖုရားတို့သည် နိုင်ငံတော် သမ္မတအိမ်တော် သံတမန် ဆောင်ဧည့်ခန်းမ၌ သီးသန့်တွေ့ ဆုံကြသည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဇနီးတို့က နော်ဝေနိုင်ငံ ဘုရင်နှင့်မိဖုရား တို့အား နိုင်ငံတော် သမ္မတ အိမ်တော်ရှိ ခန်းမဆောင်၌ ဂုဏ်ပြုနေ့လယ်စာ စားပွဲဖြင့် တည်ခင်း ဧည့်ခံခဲ့သည်။

No comments:

Post a Comment