ဆောက်လုပ်ရေး
ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်လွင်သည် ဒီဇင်ဘာလ (၂၇)ရက်နေ့က သံတွဲခရိုင်ရုံး၌
အထူးအဖွဲ့၊ ခရိုင်အဖွဲ့၊ မြို့နယ်အဖွဲ့များမှ တာဝန်ခံ အင်ဂျင်နီယာများ၊ ရုံးဝန်ထမ်းများနှင့်
တွေ့ဆုံပြီး ဝန်ကြီးဌာန အနေဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေး အတွက် အထူးအလေးထား
ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လမ်း/ တံတားများ
တိုးတက် ကောင်းမွန်အောင် မိမိကျရာ လုပ်ငန်းတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ဖို့ လိုကြောင်း
မှာကြားခဲ့ပါသည်။
No comments:
Post a Comment