Tuesday, December 2, 2014

မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ဂီတဖျော်ဖြေပွဲကြီး

မြန်မာ-ဂျပန် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ်(၆၀)ပြည့် အထိမ်းအမှတ်အဖြစ် ဂီတဖျော်ဖြေပွဲကြီးကို ဒီဇင်ဘာလ(၂)ရက်နေ့ ညနေ(၆)နာရီခွဲက ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ကျင်းပခဲ့ပါသည်။ ဂီတဖျော်ဖြေပွဲကို ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးပိုက်ထွေး၊ သံအမတ်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြန်မာ-ဂျပန် ဖောင်ဒေးရှင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ဂီတဝါသနာရှင်များ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဖျော်ဖြေပွဲမှာ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား နိုင်ငံတော် သံစုံတီးဝိုင်းနှင့် အတူ ဂျပန်အမျိုးသမီး စန္ဒရားပညာရှင် (မီးစ် ယိုကို ကိုယာမာ) နှင့် ဖျော်ဖြေပွဲတွင် တင်ဆက်မည့် သီချင်းများကို ဖန်တီးရေးသားပေးသူ ပရော်ဖက်ရှင်နယ်လ် ကွန်ဒက်တာ မစ္စတာ ယူနိုဆူကီ ယာမာမိုတို တို့ ပူးပေါင်း ဖျော်ဖြေကြတာ ဖြစ်ပါသည်။ (၂)နာရီကျော်ကြာ တင်ဆက်ခဲ့သည့် ဂီတဖျော်ဖြေမှု အစီအစဉ်တွင် ဂန္တဝင်ဂီတ၊ ရုပ်ရှင်တေးနှင့် ထင်ရှားသည့် မြန်မာ့ရိုးရာ တေးသီချင်းများ ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။ 

No comments:

Post a Comment